လှိုင်းဆိုတာ ရွေ့လျားမှု (motion) တစ်ခု ဖြစ်တဲ့အတွက် သူ့မှာလည်း ရွေ့လျားမှုနဲ့ ဆိုင်တဲ့ ဂုဏ်အင်္ဂါတွေ ရှိရမှာပေါ့။ ဥပမာ ရွေ့လျားမှုရဲ့ အဓိကဂုဏ်အင်္ဂါတွေဖြစ်တဲ့ အရွေ့ (displacement) တို့၊ အမြန်နှုန်းအလျင် (velocity) တို့ဟာ လှိုင်းမှာလည်း ရှိရမှာပေါ့။ လှိုင်းမှာလည်း အချိန်တစ်ခုအတွင်းမှာ ရွေ့သွားတဲ့အကွာအဝေးတစ်ခုရှိရမယ်။ ဒါကြောင့် ဘယ်လောက်အကွာအဝေးကို ဘယ်လောက်အချိန်မှာ ရွေ့သွားတယ်ဆိုတဲ့ အမြန်နှုန်းလည်းရှိတယ်။ ဒါပေမယ့် linear motion နဲ့ wave motion မတူတဲ့အချက်တွေလည်း ရှိတယ်။ မတူတဲ့အချက်ကို စပြောပြမယ်။